Golden Land Inn တွင် လာရောက်တည်းခိုသော စီးပွားရေးလုပ်ငန်းရှင်များနှင့် အပန်းဖြေခရီးသွားဧည့်သည်တော်များအတွက် Golden Land Inn ၏ သာယာပျော်ရွှင်မှုနှင့်ပြည့်စုံသော၊ ခေတ်မီသော အပြင်အဆင်များကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ကျွန်တော်တို့၏ Golden Land Inn တွင် လာရောက်တည်းခိုသော ဧည့်သည်တော်များ လုပ်ငန်းတာဝန်များ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် အခမဲ့ Wi-Fi ကို လည်းလွှင့်တင်ပေးထားလျက်ရှိပါသည်။ ကျွနိုပ်တို့၏ Golden Land Inn မှ အနီးအနားတွင်ရှိသော New Ocean Super Market သို့ ၅ မိနစ်ဖြင့် ရောက်အောင်သွားနိုင်သည့်အပြင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့လည်း ၅၀ မိနစ်မောင်းရုံမျှ ဖြင့် ရောက်ရှိနိုင်ပါသည်။ ကားရပ်နားရန်နေရာကိုလည်း သီးသန့်ထားရှိပေးထားပါသည်။

ကျွန်တော်တို့၏ Golden Land Inn တွင် ရှိသော အခန်းများအားလုံးတွင် ထိုင်စရာနေရာ၊ Flat TV နှင့် ရေခဲသေတ္တာတစ်လုံးစီ အသီးသီးပါရှိပြီးဖြစ်သည်။ ထို့အပြင် ရေချိုးခန်း၊ အိမ်သာတွဲလျက်ပါရှိသည်။

လာရောက်တည်းခိုသောဧည့်သည်တော်များအတွက် အစားအသောက်အဆင်ပြေရန်အတွက် စားသောက်ခန်းကို စီစဉ်ပေးထားပါသည်။ ကျွန်တော်တို့ Golden Land Inn ၏ အနီးတွင်ရှိသော New Ocean Super Market တွင်လည်း လူကြီးမင်းတို့၏ အလိုရှိသော ပစ္စည်းအစုံစုံကို အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။

 

Golden Land Inn မှ ရရှိနိုင်သော ဝန်ဆောင်မှုများ

  • 24-hour room service
  • 24-hour front desk
  • 24-hour electricity (by own generator)
  • Doctor on call
  • Laundry and Dry Cleaning
  • Tours
  • Airport  Shuttle Service
  • Airport Transfer
  • Restaurant & Lobby Bar
  • Hot & Cold Water
  • Taxi Service
  • Free Wi-Fi in all rooms
  • Wi-Fi in public areas
  • Wake-up calls service
  • Car Parking